မင်းသမီး ရှာလီ(ဇ်)သယ်ရန်(န်) နှင့် မင်းသား ရှန်းပန်တို့၏ အချစ်ဇာတ်လမ်း ပြတ်စဲ

မင်းသမီး ရှာလီ(ဇ်)သယ်ရန်(န်) နှင့် မင်းသား ရှန်းပန်တို့၏ အချစ်ဇာတ်လမ်း ပြတ်စဲ

ကမ္ဘာကျော် မင်းသမီး ရှာလီ(ဇ်)သယ်ရန်(န်) နှင့် မင်းသား ရှန်းပန်တို့၏ ၂၀၁၃ ခုနှစ်တွင် စတင်ခဲ့သော အချစ်ဇာတ်လမ်းမှာ ပြတ်စဲပြီးဆုံးသွားပြီ ဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သူ တစ်ဦးက ပီးပဲ(လ်) သတင်းစာကို အတည်ပြု ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်မှ စ၍ ၎င်းတို့နှစ်ဦးသည် ခွဲ၍ မရလောက်အောင် တပူးပူးတတွဲတွဲ ရှိခဲ့ကြကာ၊ မင်းသမီး သယ်ရန်(န်)၏ ၃ နှစ်အရွယ်သားဖြစ်သူ ဂျက်ဆင် နှင့်လည်း ၎င်းတို့ကို တွေ့ရလေ့ ရှိသည်။

သို့ရာတွင် လွန်ခဲ့သော ရက်သတ္တပတ်များမှစ၍ ၎င်းတို့ နှစ်ဦးကို အတူတွဲ၍ မတွေ့ရတော့ပေ။ ၎င်းတို့ နှစ်ဦးမှာ အိမ်ခွဲ၍ နေနေကြကြောင်း သတင်းရင်းမြစ် အချို့က ဆိုသည်။

မင်းသမီး သယ်ရန်(န်) နှင့် သူမ၏ သားဖြစ်သူ ဂျက်ဆင်တို့မှာ ဟောလိဝုနေအိမ်တွင် ဆက်လက်နေထိုင်ကြကာ၊ မင်းသားရှန်းပန် မှာမူ သူ၏ Malibu နေအိမ်တွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

၁၉၆၀ ခုနှစ်ဖွား ရှန်းပန် မှာ အမေရိကန် သရုပ်ဆောင်၊ ဒါရိုက်တာနှင့် နိုင်ငံရေး တက်ကြွလှှုပ်ရှားသူ တစ်ဦး ဖြစ်သည်။ သူသည် “Mystic River” ဇာတ်ကား နှင့် “Milk” ဇာတ်ကားများဖြင့် အကယ်ဒမီဆု ရရှိခဲ့သူ ဖြစ်သည်။

၁၉၇၅ ခုနှစ်ဖွား မင်းသမီး ရှာလီ(ဇ်)သယ်ရန်(န်) မှာ တောင်အာဖရိကနှင့် အမေရိကန် မင်းသမီး တစ်ဦးဖြစ်ကာ၊ ထုတ်လုပ်သူနှင့် ဖက်ရှင်မော်ဒယ် တစ်ဦးလည်း ဖြစ်သည်။ သူမသည် နာမည်ကျော် ဟောလိဝု ရုပ်ရှင်ဇာတ်ကား အများအပြားတွင် ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်သည်။

REF : TIME

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly