ကိုရီးယား Avengers ဇာတ်ကားတွင် ပါဝင်မည် မဟုတ်ဟု ငြင်းဆိုလာတဲ့ ဂျိုအင်ဆောင်

ကိုရီးယား Avengers ဇာတ်ကားတွင် ပါဝင်မည် မဟုတ်ဟု ငြင်းဆိုလာတဲ့ ဂျိုအင်ဆောင်

ကေပေါ့ဟာရယ် (ဆိုးလ်)။ ။ တောင်ကိုရီးယား မင်းသား ဂျိုအင်ဆောင်က ကိုရီးယားဘာသာဖြင့် ရိုက်ကူးမည့် Avengers ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်သွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ဂျိုသည်  အဆိုပါ ကိုရီးယား အက်ရှင်ကားတွင် ဘီလျံနာသူဌေး စူပါဟီးရိုးအဖြစ် သရုပ်ဆောင်သွားမည်ဟု မူလက သတင်းထုတ်ပြန်ထားသည်။

Join-s"ဂျိုအင်ဆောင်ဟာ ဇာတ်ကားများနဲ့ ပတ်သက်လို့ စဉ်းစားမှုတွေ ရှိနေတယ်။ ဒါပေမဲ့ သူဟာ ဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ချင်ပုံ ရပါတယ်။ ဂျိုဟာ ဇာတ်ကားရိုက်ကူးဖို့ မကြာမီ စာချုပ်ချုပ်ဆိုသွားမှာပါ” ဟု ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

သို့ရာတွင် ဂျို၏မန်နေဂျာက ဂျိုသည် အဆိုပါဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သွာမည် မဟုတ်ကြောင်း မေ ၁၀ ရက်က ပြောကြားခဲ့သည်။

အဆိုပါ စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းကို ဒါရိုက်တာ ဟန်ဂျေရင်က ရိုက်ကူးသွားမည်ဖြစ်ပြီး လူကြိုက်များမှု ရရှိထားသည့် အမေရိကန် ဇာတ်ကား Avengers ဇာတ်ကားကို ကိုရီးယားဘာသာဖြင့်  ရိုက်ကူးသွားမည်ဖြစ်သည်။ Avengers ဇာတ်ကား ဇာတ်လမ်းတွဲကဲ့သို့ ကိုရီးယား ဇာတ်လမ်း ကိုလည်း ပြင်ပကမ္ဘာမှ ကြောက်မက်ဖွယ် ဧရာမ သတ္တဝါ တစ်ကောင် အကြောင်းကို ပေါင်းစပ် ရိုက်ကူးသွားမည် ဖြစ်သည်။

ဂျိုအင်ဆောင်သည် ၂၀၁၃ ခုနှစ်က ရုပ်မြင်သံကြား ဒရမ်မာဇာတ်ကား That Winter နှင့် The Wind Blows ဇာတ်ကား၊ ၂၀၁၄ ခုနှစ်က It’s Okay နှင့် That’s Love ဇာတ်ကားတို့တွင် ပါဝင် သရုပ်ဆောင်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly