FKA Twigs နှင့် အေပက်ဇ်တွင်းတို့ Libera Awards ဆန်ခါတင် စာရင်းတွင် ဦးဆောင်နေ

FKA Twigs နှင့် အေပက်ဇ်တွင်းတို့ Libera Awards ဆန်ခါတင် စာရင်းတွင် ဦးဆောင်နေ

ကွန်တက်မြူးဇစ် (နယူးယော့ခ်)။ ။ ယခုနှစ် Libera Awards ဆုပေးပွဲ ဆန်ခါတင်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ဗြိတိန်တေးဂီတ ပညာရှင် နှစ်ဦးဖြစ်သည့် FTA Twigs နှင့် အေပက်ဇ်တွင်းတို့ ဦးဆောင်လျက်ရှိသည်။

အဆိုတော် FKA Twigs သည်  ၎င်း၏ ပွဲဦးထွက် တေးသီချင်းအယ်လ်ဘမ် LPI ဖြင့် Album of the Year ဆုနှင့် Two Weeks ဇာတ်ကားဖြင့် Video of the Year ဆုကိုအပါအဝင် ဆုလေးဆုအတွက် ရွေးချယ်သတ်မှတ်ခံထားရသည်။ FKA Twigs သည် မကြာသေးမီက ရောဘတ်ပက်တင်ဆန်နှင့် စေ့စပ်ခဲ့သူ တစ်ဦးဖြစ်ပြီး ၎င်း၏ နာမည်အရင်းမှာ ထာလက်ရှ် ဒီဘရက်ဘာနက် ဖြစ်သည်။

အေပက်ဇ်တွင်းသည် ဆယ်သုံးနှစ်တာကာလအတွင်း ပထမဆုံး တေးသီချင်းအယ်လ်ဘမ် Syro ကို ၂၀၁၄ ခုနှစ် စက်တင်ဘာလက ထွက်ရှိခဲ့ပြီး  ၎င်းသည် ဆုသုံးဆုအတွက် ရွေးချယ်သတ်မှတ်ခြင်း ခံခဲ့ရသည်။

ရက်ပ်အဆိုတော် နှစ်ယောက်တွဲအဖွဲ့ Run The Jewels သည် ဆုလေးဆုအတွက် ရွေးချယ် သတ်မှတ်ခြင်း ခံထားရပြီး Father John Misty၊  Sleater-Kinney နှင့်  Flying Lotus တို့သည်လည်း စုများစွာအတွက် ရွေးချယ်သတ်မှတ်ခံထားရသည်။ Libera Awards ဆုပေးပွဲကို ဇွန် ၂၅ ရက်တွင် နယူးယော့ခ်မြို့ရှိ Highline Ballroom တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly