ကုန်သွယ်ရေး ပိုလျှံမှုက ဝယ်လိုအား ကျဆင်းလာမှုကို ဖော်ပြနေ

ကုန်သွယ်ရေး ပိုလျှံမှုက ဝယ်လိုအား ကျဆင်းလာမှုကို ဖော်ပြနေ
တရုတ် ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်။

ပေကျင်း၊ ဇွန် ၁၀ ။       ။ တရုတ်နိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်ရေး ပိုလျှံမှုမှာ ပြီးခဲ့သည့်လက သိသိသာသာ မြင့်တက်လာ ခဲ့သော်ကြောင့် ဈေးကွက်အတွင်း ကျောက်မီးသွေး၊ ရေနံနဲ့ သံရိုင်းကဲ့သို့ လူသုံးကုန်ပစ္စည်း ဝယ်လိုအား မှာ ဆက်လက် ကျဆင်း ခဲ့သည်။

 နိုင်ငံ၏ ပို့ကုန်မှာ နှစ်စဉ် ၂ ဒသမ ၈ရာခိုင်နှုန်း ကျဆင်းလာခဲ့ရာ မေလက ယွမ်ငွေ ၁ ဒသမ ၁၇ ထရီလီယံ (ကန်ဒေါ်လာ ၁၉၁ ဘီလီယံ)အထိ ရောက်ရှိသွားခဲ့သည်။ ယင်းပမာဏမှာ ဧပြီလနှင့် နှိုင်းယှဉ်ပါက အနည်းငယ် တိုးတက်လာသော်လည်း စီးပွားရေး အပေါ်မှာ ဖိအားပေးနေဆဲဖြစ်ကြောင်း အထွေထွေ အခွန်ကွပ်ကဲမှုဌာနက တနင်္လာနေ့က ပြောကြားခဲ့သည်။

သွင်းကုန်မှာ တစ်နှစ်အလွန်ကထက် ၁၈ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့၍ ယွမ်ငွေ ၈၀၃ ဘီလီယံအထိ ရောက်ရှိ သွား ခဲ့သောကြောင့် ကုန်သွယ်ရေး ပိုလျှံမှုဟာ ယွမ်ငွေ ၃၆၆ ဘီလီယံအထိ ၆၅ ရာခိုင်နှုန်းကျော် မြင့်တက်သွားခဲ့သည်။ နိုင်ငံခြား ကုန်သွယ်မှုသည် အစောပိုင်း တစ်နှစ်ကထက် ၉ ဒသမ ၇ ရာခိုင်နှုန်း၊ ယွမ်ငွေ ၁ ဒသမ ၉၇ ထရီလီယံအထိ ကျဆင်းသွားသည်။

ဧပြီလကတည်းက ရေနံဈေးနှုန်း ပြန်တက်လာခဲ့သော်လည်း တရုတ်သွင်းကုန် တိုးတက်မှု အတွက် အကူအညီ မဖြစ် ခဲ့သောကြောင့် ပြည်တွင်းနှင့် နိုင်ငံတကာ ဈေးကွက်နှစ်ခုစလုံး အားနည်းနေသေးသည့် အဓိပ္ပာယ်ဖြစ်ကြောင်း ပေကျင်း အကြီး စား စီးပွားရေး သုတေသနဌာန ဒါရိုက်တာ နို့လီက ပြောကြားသည်။ တရုတ်၏ နိုင်ငံခြားကုန်သွယ်မှု အချက်အလက်များအရ ကမ္ဘာနှင့်အဝန်း ဝယ်လိုအားမှာ ထိုင်းမှိုင်းနေဆဲဟု နို့က ပြောကြားသည်။

တရုတ်နိုင်ငံတွင် စက်ရုံအချို့ကို ပိတ်ပစ်ပြီး စက်မှုလုပ်ငန်း အဆောက်အအုံကို ပြန်လည် ချိန်ညှိကာ ညစ်ညမ်းမှုကို ကိုင်တွယ်ဖြေ ရှင်းနေရသောကြောင့် နိုင်ငံတကာတွင် သံရိုင်း၊ ကျောက်မီးသွေးနဲ့ ရေနံအပါအဝင် လူသုံးကုန် ပစ္စည်းဈေးနှုန်းများ ကျဆင်းလာ ခဲ့သော်လည်း တရုတ်တွင် ဝယ်လိုအား မြင့်တက်လာခဲ့ကြောင်း ပေကျင်း နိုင်ငံတကာ စီးပွားရေးတက္ကသိုလ်မှ ဒု-ဥက္ကဋ္ဌ လင်ကွီ ကျန်းက ပြောကြားသည်။

‘‘မေလ ကုန်သွယ်ရေးအချက်အလက်တွေက ယခုနှစ် ဂျီဒီပီ ဖွံ့ဖြိုးမှုကို ၇ ရာခိုင်နှုန်းမှာ ထိန်းထားရေး နိုင်ငံရဲ့ ရည်မှန်းချက်အပေါ် အတိုင်းအတာ တစ်ခုအထိ ဖိအားသက်ရောက်စေတယ်’’ ဟု လင်က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly