ဂျပန်နိုင်ငံအခြေစိုက် ဟီတာချီလီမိတက်က မြန်မာစီးပွားဘက်များနှင့် ပူးပေါင်းသွားမည်

ဂျပန်နိုင်ငံအခြေစိုက် ဟီတာချီလီမိတက်က မြန်မာစီးပွားဘက်များနှင့် ပူးပေါင်းသွားမည်

နေပြည်တော်၊ ဇွန် ၂ ။      ။ ဂျပန်နိုင်ငံအခြေစိုက် ဟီတာချီလီမိတက်က မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးချဲ့သွားရန် ပြည်တွင်းစီးပွားရေး မိတ်ဘက်များနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဟု ဟီတာချီ အာရှလီမိတက် မြန်မာပြည်ရုံးခွဲ၏ အထွေထွေမန်နေဂျာ ဆုနဲဟီရို တာကဟရှိက မဇ္ဈိမကိုပြောသည်။

လက်ရှိအချိန်တွင် ဟီတာချီလီမိတက်က ၎င်း၏အဓိက စီးပွားရေးလုပ်ငန်းများဖြစ်သည့် သတင်းအချက်အလက်နှင့် တယ်လီဖုန်း ဆက်သွယ်ရေးစနစ်များ၊ မီးရထားလမ်းစနစ်များ၊ လျှပ်စစ် စွမ်းအားထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများ တွင် ပြည်တွင်းစီးပွားမိတ်ဘက်များနှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဟု သိရသည်။

ဆုနဲဟီရို တာကဟရှိက “တော်တော်လေးကို ယုံကြည်စိတ်ချရတဲ့ မိတ်ဘက်ကောင်းတွေ ကျွန်တော်တို့မှာ ရှိနေပါတယ်။ တိတိကျကျ လုပ်ဆောင်ဖို့ အတွက် ကျွန်တော်တို့ ဆွေးနွေးနေ ဆဲဖြစ်တာကြောင့် အသေးစိတ်အနေနဲ့ ဘယ်သူတွေလဲ ဆိုတာတော့ အခုအချိန်မှာ မပြောနိုင်သေး ပါဘူး” ဟုဇွန် ၁ ရက်က နေပြည်တော်၌ ပြုလုပ်သည့် ဟီတာချီလီမိတက်၏ သတင်းစာ ရှင်းလင်းပွဲ တွင် မဇ္ဈိမ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။

ဟီတာချီလီမိတက်က “Hitachi Social Innovation Forum 2015 in Myanmar" ကို ဇွန်လ ၁ ရက်တွင် နေပြည်တော် ဟီလ်တန်ဟိုတယ်၌ ကျင်းပခဲ့ပြီး အစိုးရဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်တွင်းစီးပွားဘက်များ တက်ရောက်ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly