လန်ဒန်အခြေစိုက် အိမ်ခြံမြေလုပ်ငန်းကြီးက စင်ကာပူကို ခြေကုပ်ယူ၍ အာရှသို့ စျေးကွက် ချဲ့ထွင်မည်

လန်ဒန်အခြေစိုက် အိမ်ခြံမြေလုပ်ငန်းကြီးက စင်ကာပူကို ခြေကုပ်ယူ၍ အာရှသို့ စျေးကွက် ချဲ့ထွင်မည်

စင်ကာပူ၊ ဇွန်-၁၉ ။     ။ လန်ဒန်အခြေစိုက် အိမ်ခြံမြေ လုပ်ငန်းကြီးတစ်ခုက  အာရှတိုက်တွင် ၎င်း၏လုပ်ငန်းများ  တိုးပွားလာရန် စင်ကာပူကို အခြေစိုက်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

 TIAA Henderson Real Estate (TH Real Estate)အိမ်ခြံမြေကုမ္ပဏီကြီးသည် ၎င်း၏ အာရှပစိဖိတ် ရုံးချုပ်ကို စင်ကာပူတွင် ဖွင့်လှစ်ထားပြီး၊ အာရှဖက်ခြမ်းရှိ လုပ်ငန်းစုအောက်တွင် ကန်ဒေါ်လာ ၁ဒသမ၅ဘီလျံတန် အိမ်ခြံမြေများရှိနေသည်။

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပရှိ ကုမ္ပဏီကြီး၏ စီးပွားရေးလုပ်ငန်းများနှင့် ဟန်ချက်ညီလာရန် ကိန်းဂဏန်းအရေအတွက် ကို မြှင့်တင်ရန် စီစဉ်နေသည်ဟု အာရှပစိဖိတ် စီမံအုပ်ချုပ်မှုဒါရိုက်တာ ခရစ် ရီလီက ကြားခဲ့သည်။

အမေရိကန်တွင် အိမ်ခြံမြေပိုင်ဆိုင်မှုတန်ဖိုးသည် ကန်ဒေါ်လာ ၅၀ဘီလျံကျော်ပြီး၊ ဥရောပနှင့် ဗြိတိန်တွင် ကန်ဒေါ်လာ ၂၅ဘီလျံ ရှိသည်။ အာရှတွင်လည်း စင်ကာပူ၏ Jem ကုန်တိုက်ကြီးတွင် ရှယ်ယာများ ပိုင်ဆိုင်ထားပြီး သြစတြေးလျတွင်လည်း အိမ်ခြံမြေ များစွာကို ပိုင်ဆိုင်ထားသည်။     

‘စင်ကာပူက ဓနဥစ္စာ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကို ဆွဲဆောင်တဲ့နေရာမှာ အတော် အောင်မြင်နေ တယ်။ စီးပွားရေးဇုန်တွေနဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးဌာနတွေက ထောက်ပံ့ပေးနေတဲ့ အရည်အသွေးမြင့် ရွေးချယ်စရာတွေနဲ့ သူ့ကိုယ်သူ ဆက်လက်ဆန်းသစ်သွားနိုင်မယ်လို့လည်း ကျနော်ထင်ပါတယ်’’ဟု ရီလီက ပြောကြားခဲ့သည်။

"စင်ကာပူနိုင်ငံသားတွေက  ရေရှည်တည်ငြိမ်ပြီး ပုံမှန်ဝင်ငွေကို မျှော်လင့်နေကြပါတယ်။ပွင့်လင်းမြင်သာမှု၊ သတင်းစီးဆင်းမှုနဲ့ Central Business District ကလည်း သင့်တော်တဲ့ အခွင့်အလမ်းတွေ ပေးနေပါတယ်’’ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly