ဘူရွန်ဒီ နိုင်ငံရေး ဆူပူမှုအတွင်း လူ ရ၀ ထက်မနည်း သေဆုံး

ဘူရွန်ဒီ နိုင်ငံရေး ဆူပူမှုအတွင်း လူ ရ၀ ထက်မနည်း သေဆုံး

ဘူဂျမ်ဘူရာ၊ ဇွန်-၁၉ ။        ။ လူ့အခွင့်အရေးအုပ်စုများ၏ ဇွန်၁၈ ပြောကြားချက်အရ ဘူရွန်ဒီနိုင်ငံတွင် ရက်သတ္တပတ်ပေါင်းများ စွာကြာမြင့်နေပြီဖြစ်သည့် နိုင်ငံရေးအကြမ်းဖက်မှုအတွင်း အနည်းဆုံး လူပေါင်း၇၀သေဆုံးခဲ့ပြီး ၅၀၀ ဒဏ်ရာရကာ  ၁၀၀၀ ခန့် ထောင်ဒဏ် ကျခဲ့ရသည်ဟု ဆိုသည်။

မတည်ငြိမ်မှုများ ဖြစ်ပွားနေသည့် အလယ်အာဖရိက ဘူရွန်ဒီနိုင်ငံတွင် အစိုးရ၏ လုပ်ဆောင်မှုများသည် ဖွဲ့စည်းပုံနှင့် မညီသည့် အပြင် ၁၃နှစ်ကြာ ပြည်တွင်းစစ်ကို အဆုံးသတ်ခဲ့သည့် ၂၀၀၆ခုနှစ် ငြိမ်းချမ်းရေးစာချုပ်ကိုလည်း ဖောက်ဖျက်ရာရောက်သည်ဟု အတိုက်အခံများက ယူဆနေကြသည်။

၎င်းတို့က သမ္မတ ပီရီ ကူရန်ဇီဇာ၏ အငြင်းပွားဖွယ် ၅နှစ်သက်တမ်း သုံးခုဆက် အရွေးခံမှုအပေါ် မကျေမနပ်ဖြစ်ရာမှ ဧပြီလနှောင်းပိုင်းမှ စတင်ပြီး နိုင်ငံရေး ပြဿနာများ စတင်ဖြစ်ပွားခဲ့သည်။ ပါလီမန်ရွေးကောက်ပွဲများကို သမ္မတရွေးပွဲမတိုင်မီ ဇွန် ၂၉ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည်။

‘ကျည်ဆံတွေ လက်ပစ်ဗုံးတွေကြောင့် လူ၇၀လောက် သေဆုံးသွားခဲ့တယ်။ အများစုက အရပ်သားတွေပဲ။ ရဲတွေ စစ်သားတွေ လည်းပါတယ်’’ဟု ဘူရွန်ဒီ၏ သြဇာကြီးမားသည့် လူ့အခွင့်အရေးအုပ်စု Aprodehကို ခေါင်းဆောင်နေသည့် ပီရီ ကလဗာ ဘိုနီပါက ပြောကြားခဲ့သည်။

‘ကျည်ဆံတွေ၊ ဗုံးတွေ၊ ကျောက်တုံးတွေကြောင့် လူပေါင်း ၅၀၀လောက် ဒဏ်ရာရသွားခဲ့ပြီး ၅၀လောက်က အခုထိ ဆေးရုံမှာ ကုသနေရသေးတယ်’’ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အကြမ်းဖက်မှုများကြောင့် လူပေါင်း ၁၀၀၀၀၀ကျော်မှာ အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly