မိုးခေါင်ရေရှားမှုကြောင့် မြောက်ကိုရီးယား သီးနှံထွက်နှုန်း ထက်ဝက်ခန့် လျော့ကျနိုင်

မိုးခေါင်ရေရှားမှုကြောင့် မြောက်ကိုရီးယား သီးနှံထွက်နှုန်း ထက်ဝက်ခန့် လျော့ကျနိုင်

ရောမ၊ ဇွန်-၁၉ ။        ။ မြောက်ကိုရီးယား၏ အဓိကစိုက်ပျိုးရေးဒေသတွင် မိုးခေါင်ရေရှားဖြစ်ပြီး သီးနှံအထွက်နှုန်းသည် တစ်ဝက် ခန့်အထိ လျော့ကျသွားနိုင်ဖွယ်ရှိသောကြောင့် အစားအစာပြတ်လပ်မှုသို့ ဦးတည်နေသည်ဟု ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီ က ပြောကြားခဲ့သည်။

ကုလကိုယ်စားလှယ်များက မြောက်ကိုရီးယား၏ စိုက်ပျိုးရေးဒေသ များဖြစ်သည့် မြောက်ဟွမ်ဂေးနှင့် တောင်ဟွမ်ဂေးပြည်နယ်များ သို့ဇွန်၁၀ရက်နေ့က သွားရောက်ကြည့်ရှုခဲ့ရာ မိုးခေါင်သည့်ဧရိယာများတွင် အာလူး၊ဂျုံနှင့် ဘာလီ အထွက်နှုန်းမှာ ၅၀ရာခိုင်နှုန်းနှင့် အထက် လျော့ကျသွားနိုင်ဖွယ်ရှိကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။

ရေတွင်းရေကန်များမှာခမ်းခြောက်ကုန်ကြပြီး၊၂၀၁၄နှင့်၂၀၁၅အစောပိုင်းတွင် သာမန်အောက်လျော့နည်းသည့်မိုးရွာသွန်းမှုနှင့်နှင်း ကျမှုကြောင့် ဆည်ရေမျက်နှာပြင်မှာလည်း နိမ့်ကျလျှက်ရှိသည်ဟု ကုလ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)က ကြေညာချက် တစ်ခုတွင် ပြောကြားခဲ့သည်။

‘လူတွေ ငတ်နေသလား၊ မငတ်ဘူးလားဆိုတာကိုတော့ သတင်းအချက်အလက် အလုံအလောက်မသိရလို့ မပြောနိုင်ပါဘူး။ ဒါပေမယ့် အခြေအနေက အရေးကြီးပါတယ်။ ငတ်ခြင်းနဲ့မငတ်ခြင်းကြား နယ်ခြားမျဉ်းပေါ်မှာပါ’ဟု FAO၏ အကြီးတန်းအရာရှိ လီလီယန်နာဘာဘီက ဇွန် ၁၉ ရက်တွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယားအစိုးရမီဒီယာကလည်းနှစ် ၁၀၀အတွင်း အဆိုးရွား ဆုံးမိုးခေါင်မှုဟု ပြောကြားခဲ့သည်။ FAO အစီရင်ခံစာအရမူ လက်ရှိ မိုးခေါင်ရေရှားမှုမှာ အယ်နီညိုဖြစ် စဉ်ကြောင့်ဖြစ်ရသည် ဟု ကောက်ချက်ချသည်။  

မိုးခေါင်ရေရှားမှု ဖြစ်ပွားနေချိန်တွင် အစိုးရကလည်း ဆည်မြောင်းများနှင့် အခြားလယ်ယာမြေများကို စနစ်တကျထိန်သိမ်းမှုမရှိဟု ဘာဘီက ပြောကြားသည်။ ၂၀၁၅ခုနှစ်တွင် ဆန်ထုတ်လုပ်မှုမှာ တန်ချိန် ၂ ဒသမ ၃သန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၁၄ခုနှစ် အထွက်နှုန်းထက် ၁၂ရာခိုင်နှုန်း လျော့ကျသွာားခဲ့ကာ၊ ရှေ့ငါးနှစ် ပျမ်းမျှအထွက်နှုန်းထက်လည်း သိသိသာသာ လျော့ကျသွားခဲ့ သည်ဟု FAOကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly