ဆိုဗီယက်ခေတ်လွန်လုံခြံုရေးအဖွဲ့CSTO ၏ အဖွဲ့ဝင်နိုင်ငံများမှ လူ ၂,၄၀၀ခန့် အိုင်အက်စ်နှင့် ပူးပေါင်းဟု သတင်းထွက်ပေါ်

ဆိုဗီယက်ခေတ်လွန်လုံခြံုရေးအဖွဲ့CSTO ၏ အဖွဲ့ဝင်နိုင်ငံများမှ လူ ၂,၄၀၀ခန့် အိုင်အက်စ်နှင့် ပူးပေါင်းဟု သတင်းထွက်ပေါ်

မော်စကို၊ ဇွန် ၁၉ ။  ။ ဆိုဗီယက်ခေတ်လွန် လုံခြုံရေးအဖွဲ့ကြီးမှ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသား နှစ်ထောင်ကျော်သည် ဆီးရီးယားရှိ အိုင်အက်စ်စစ်သွေးကြွအဖွဲ့သို့ သွားရောက်ပူးပေါင်းခဲ့ကြသည်ဟု အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အိုင်အက်စ်စစ်သွေးကြွအဖွဲ့သည် ကာဂျစ္စတန်ဗဟိုအာရှသမ္မတနိုင်ငံမှ လူ၄၀၀နီးနှင့် ရုရှနွယ်ဖွား၂,၀၀၀ခန့်ကို လူသစ်စုဆောင်းခဲ့ သည်ဟု ဇွန် ၁၉ ကစုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့(CSTO) အတွင်းရေးမှူးချုပ် နီကိုလိုင်ဘော်ဒီယူဇာ၏ ပြောကြားချက်ကို ကိုးကား၍ ရုရှားတာ့စ်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ CSTOအဖွဲ့ဝင်နိုင်ငံများမှာအာမေးနီးယား၊ ဘီလာရုစ်၊ကာဇက်စတန်၊ ကာဂျစ္စတန် ၊ ရုရှနှင့် တာဂျီကစ္စတန်တို့ဖြစ်သည်။

အဆိုပါနိုင်ငံသားများအား ယခုအခါဆီးရီးယားတွင် အိုင်အက်စ်တို့က တိုက်ခိုက်ရေးသင်တန်းများ ပေးနေကြောင်း နီကိုလိုင်ကဆို သည်။ "ဒါကတော့ ချွင်းချက်သဘောဆောင်တဲ့ စာရင်းဇယားပါ။ ဆီးရီးယားမှာနိုင်ငံသားတွေဘယ်လောက် တိုက်ခိုက်ရေးသင် တန်းတက်နေသလဲဆိုတာ နီးနီးစပ်စပ်သိပါတယ်။ ဒါက ထောင်ဂဏန်းပဲရှိပါသေးတယ်။

ဒါပေမဲ့ ဒီ အင်အား၂,၀၀၀နှင့်၃,၀၀၀ကြားဟာ ကြီးမားတဲ့တပ်ဖွဲ့ကြီးတစ်ခုလို့ ကျွန်တော်တို့ နားလည်ထားပါတယ်"ဟု နီကိုလိုင် က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly