အိန္ဒိယတွင် အရွယ်အို ခရစ်ယာန်သီလရှင်ကြီးအား မုဒိမ်းပြုကျင့်ခဲ့သည့် အဓိကသံသယရှိသူတစ်ဦးကို ဖမ်းမိ

အိန္ဒိယတွင် အရွယ်အို ခရစ်ယာန်သီလရှင်ကြီးအား မုဒိမ်းပြုကျင့်ခဲ့သည့် အဓိကသံသယရှိသူတစ်ဦးကို ဖမ်းမိ

နယူးဒေလီ ။     ။ အိန္ဒိယနိုင်ငံ ဘန်ဂေါပြည်နယ်တွင် အသက်အရွယ်ကြီးရင့်နေသည့် ခရစ်ယာန်သီလရှင်အား သားမယားအဖြစ် မုဒိမ်းပြုကျင့်မှုတွင် အဓိကသံသယတရားခံတစ်ဦးကို ဖမ်းဆီးမိကြောင်း ရဲစုံစမ်းရေးအဖွဲ့ကပြောသည်။

အသက် ၂၈ နှစ်ရှိ နာဇူသည် အသက် ၇၄ နှစ်အရွယ် သီလရှင်မကြီးကို သားမယားအဖြစ်ပြုကျင့်ခဲ့သူဟု ရဲက စွဲဆိုထားခြင်းဖြစ် သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်နိုင်သည့် နာဇူကို ကိုးလ်ကတ္တားရှိ ဘူတာရုံတစ်ရုံတွင် ဖမ်းဆီးမိခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ် ၁၄ ရက်က ခရစ်ယာန်ဘုရားရှိခိုးကျောင်းအတွင်း လူတစ်စု ဖောက်ထွင်းဝင်ရောက်ကာ အဆိုပါ သီလရှင်ကြီးကို သားမယားပြုကျင့်ခဲ့ပြီး ငွေကြေးများလည်း ခိုးယူခဲ့ကြခြင်းဖြစ်ကာ ယင်းဖြစ်ရပ်ကြောင့် အိန္ဒိယနိုင်ငံတွင်း လူထုအားဒေါသထွက်စေ ကာ နိုင်ငံအနှံ့ရှိမြို့များတွင် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။

ယင်းကျုးလွန်သူများကို လိုက်လံဖမ်းဆီးနေရာတွင် ယခုသံသယရှိသူ နာဇူကို ခြောက်ဦးမြောက်အဖြစ် ဖမ်းဆီးမိခြင်းဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကို ကျုးလွန်သူက ရှစ်ဦးဖြစ်ကြောင်း ရဲကပြောပြီး ကျန်လွတ်မြောက်နေသေးသူနှစ်ဦးနောက် ခြေရာခံလိုက် လံလျက်ရှိသည်။

”အရင်ဖမ်းမိထားသူငါဦးစလုံးက သီလရှင်မကြီးကို မုဒိမ်းပြုကျင့်ခဲ့သူသည် နာဇူဖြစ်ကြောင်း ထွက်ချက်ပေးထားကြတယ်”ဟု ရဲက ဘီဘီစီသို့ပြောခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly