ဂရိအကျပ် အတည်းစိုးရိမ်သောက များကြောင့် အာရှရှယ်ယာများ ဆက်လက်ကျဆင်း

ဂရိအကျပ် အတည်းစိုးရိမ်သောက များကြောင့် အာရှရှယ်ယာများ ဆက်လက်ကျဆင်း

စင်ကာပူ၊ ဇွန်-၁၇ ။        ။ ဂရိအကျပ်အတည်း ပိုမိုနက်ရှိုင်း သည်းသန်လာမှုကြောင့် စိုးရိမ်ရသည့်အပြင် အမေရိကန်ဗဟိုဘဏ်၏ အစည်းအဝေးမတိုင်မီ သတိ ထားနေသောကြောင့်လည်း အာရှ ရှယ်ယာများမှာ ဒုတိယမြောက်နေ့အဖြစ် မတည်မငြိမ်ဖြစ်နေသည်။  

ဝေါလမ်းမနှင့် ဥရောပတွင် ရုတ်တရက် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုများက တရုတ်ခေါင်းဆောင်သည့် အာရှ ရှယ်ယာရောင်းချမှုအတွက် အခြေအနေ အခင်းအကျင်း ကို ဖန်တီးပေးခဲ့သည်။

အလုံးအရင်းနှင့် အများပိုင်ရှယ်ယာထုတ်ရောင်းမှုများက ရံပုံငွေများကို စုပ်ယူနိုင်တဲ့ အလားအလာအပေါ် စိုးရိမ်နေကြသောကြောင့် ရှန်ဟိုင်း အစုရှယ်ယာ ညွှန်း ကိန်းသည် ၃ဒသမ၅ရာခိုင်နှုန်း ထိုးဆင်းသွားခဲ့ပြီး ရှန်ကျန်း အစုရှယ်ယာက ၃.၆ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

ဟောင်ကောင် နိုင်ငံရေးတင်းမာမှုများကလည်း ဟန်ဆန်းရှယ်ယာကို ၁ဒသမ၁ရာခိုင်နှုန်း ကျဆင်းသွားစေခဲ့ပြီး ဟန်ဆန်း တရုတ်စီးပွားရေး လုပ်ငန်းများညွှန်းကိန်း ကိုလည်း ၂.၇ရာခိုင်နှုန်း ကျဆင်းသွားစေခဲ့သည်။ စင်ကာပူရှယ်ယာဟာလည်း ဝ.၇၅ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။  

အများပိုင်ရှယ်ယာများအတွက် လျှောက်ထားခြင်းများမတိုင်မီ ကြီးမားသည့်ငွေဖြစ်လွယ်မှုက ရှိပြီးသားရှယ်ယာများမှ အကျိုးအမြတ်များကို ကုန်ခမ်းသွားစေမည်ကို ရင်းနှီးမြှုပ်နှံသူများက စိုးရိမ်လာသောကြောင့် တရုတ်ရှယ်ယာများမှာ ဆက်လက်ကျဆင်းနေခဲ့သည်။ လက်ရှိတွင် အများပိုင်ရှယ်ယာ ရံပုံငွေတွေ ပြန်လည် စီးဝင်မ လာမချင်း ဇွန်လ ၂၄ရက်လောက်အထိ တရုတ်ဈေးကွက်သည် ဆက်လက် ကျဆင်းနိုင်သည်ဟု့ IG ဈေးကွက်ဗျူဟာပညာရှင် ဘားနတ်အောက ပြောကြားခဲ့သည်။

‘ရှန်ဟိုင်းအစုရှယ်ယာတွေကို ညွှန်းကိန်းနဲ့ယှဉ်ရင် ပိုမိုမြင့်မားတဲ့ တန်ဖိုးဖြတ်မှုတွေနဲ့ ရောင်းဝယ်နေကြတယ်ဆိုတဲ့ သတင်းတွေလည်း ရှိနေပါတယ်’’ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly