မဲပေးနိုင်သည့် အသက်ကို ၁၈ နှစ်သို့ဂျပန်လျှော့ချ

မဲပေးနိုင်သည့် အသက်ကို ၁၈ နှစ်သို့ဂျပန်လျှော့ချ

တိုကျို၊ ဇွန် ၁၇ ။         ။ ဂျပန်သည် မဲပေးနိုင်သည့် အသက်အရွယ်ကို လက်ရှိ ၂၀မှ ၁၈ နှစ်သို့ဇွန် ၁၇ ကလျှော့ချလိုက်ရာ ဆယ်ကျော်သက်များအနေဖြင့် ပထမဆုံး အကြိမ် မဲပေးဖွင့် ရရှိတော့ မည်ဖြစ်သည်။

ယင်းသို့မဲပေးနိုင်သည့် အသက်အရွယ်ကို လျှော့ပေးလိုက်ခြင်းက လျင်မြန်စွာကြီးထွားလာနေသည့် ပိုမိုအသက်ကြီးသော မျိုးဆက်များလက်ဝယ်တွင် နိုင်ငံရေး အာ ဏာရှိနေသည့် ဂျပန်သည် အခြားဖွံ့ဖြိုးပြီးနိုင်ငံများနှင့် တူညီမှုရှိလာမည်ဖြစ်ပြီး မဲပေးသူအရေအတွက် ၂ဒသမ၄သန်းခန့် ပိုများလာမည်ဖြစ်သည်။

၁၈နှစ်၊၁၉နှစ်အရွယ်လူငယ်များသည် ၂၀၁၆ခုနှစ်၊ နွေရာသီတွင် ပြုလုပ်ရန် စီစဉ်ထားသောအထက် လွှတ်တော်ရွေးကောက်ပွဲတွင် ပထမဆုံး အကြိမ်မဲပေးနိုင်မည် ဟု မျှော်လင့်ရသည်။သို့သော်လည်း ယင်းကာလမတိုင်မီ ကြားဖြတ်ရွေးကောက်ပွဲတစ်ခုအတွက် အောက်လွှတ်တော်ကို မဖျက်သိမ်းမှသာ မဲပေးနိုင်မည်ဖြစ်သည်။

ရွေးကောက်ပွဲဥပဒေကို ပြင်ဆင်သည့် ယင်းဥပဒေကြမ်းကို အောက်လွှတ်တော်တွင် အတည်ပြုခဲ့ပြီးနောက် အထက်လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။

ဂျပန်နိုင်ငံတွင် လူဦးရေ ၁၂၇သန်းဝန်းကျင်ရှိသည့်အနက် ၆၅နှစ်နှင့် အထက်ရှိသူဦးရေမှာ လေးပုံတစ်ပုံခန့်ရှိသည်။ ယင်းသို့ဖြစ်ရခြင်းမှာ လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်အတွင်း မွေးနှုန်းနိမ့်ခြင်းနှင့် ကြီးမားသည့် လူဝင်မှုမရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ ယင်းသက်ကြီးဦးရေမှာ လာမည့်ဆယ်စုနှစ်အနည်းငယ်အတွင်း ၄၀ ရာခိုင်နှုန်းအထိရောက်ရှိလာဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly