တောင်ကိုရီးယားတွင် မားစ်ကူးစက်ခံရသူရှစ်ဦး ထပ်မံတွေ့၊ ၂၀ဦးမြောက်လူနာသေဆုံး

တောင်ကိုရီးယားတွင် မားစ်ကူးစက်ခံရသူရှစ်ဦး ထပ်မံတွေ့၊ ၂၀ဦးမြောက်လူနာသေဆုံး

ဆိုးလ်၊ ဇွန် ၁၇ ။          ။ ဇွန် ၁၇ က တောင်ကိုရီးယားတွင် မားစ်ကူးစက်ခံရသူ နောက်ထပ်ရှစ်ဦးတွေ့ရှိခဲ့ပြီး နောက်ထပ်လူနာ တစ်ဦးသေဆုံးခဲ့ရာ မားစ်ကြောင့် သေဆုံးသူဦးရေမှ ၂၀ ရှိသွားပြီဖြစ်သည်ဟု ကျန်းမာရေးအရာရှိများက ပြောကြားခဲ့သည်။

တောင်ကိုရီယားတွင် ကူးစက်ခံရသူ စုစုပေါင်းမှာ ၁၆၂ဦးအထိရောက်ရှိခဲ့ရာ ဆော်ဒီအာရေးဘီးယားပြင်ပတွင် အကြီးမားဆုံး ပမာဏဖြစ်သည်။

မေလအစောပိုင်းက အသက် ၆၈ရှစ်အရွယ်ရှိ တောင်ကိုရီးယားအမျိုးသားတစ်ဦး အရှေ့အလယ်ပိုင်းသို့ ခရီးထွက်ခဲ့ရာမှ အပြန် မားစ်ရောဂါပါလာပြီး တောင်ကိုရီး ယားတွင် ကူးစက်ပြန့်ပွားခဲ့သည်ဆိုသည်။ ရောဂါစတင်ဖြစ်ပွားစဉ်ကတည်းက မားစ်ကူးစက်ခံရသူ ၁၉ ဦးမှာဆေးရုံမှ ဆင်းသွားပြီဟု တောင်ကိုရီးယား ကျန်းမာရေး ဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့သည်။

မားစ်ကြောင့် နောက်ဆုံးသေဆုံးခဲ့သူမှာ အသက် ၅၄ နှစ်အရွယ်အမျိုးသမီးဖြစ်ပြီး အဓိကအဆုတ်လေဝင်လမ်းကြောင်း ပုံမှန်မဟုတ်ဘဲကျယ်နေခြင်းနှင့် သွေးဖိ အားမြင့်မားခြင်းတို့ခံစားခဲ့ရသည်ဟု သိရသည်။ သေဆုံးခဲ့သူအားလုံးမှာ နာမကျန်းဖြစ်နေ သို့မဟုတ် အသက်ကြီးသူများဖြစ်သည်။

တောင်ကိုရီးယားတွင် ဖြစ်ပွားခဲ့သော ကူးစက်မှုအားလုံးမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် နေရာများတွင်သာဖြစ်သည်။ အနည်းဆုံး ဆေးရုံ သုံးခုမှာတစ်စိတ် တစ်ပိုင်းပိတ်သိမ်းခဲ့ပြီး ဆေးရုံနှစ်ရုံမှာ လူနာများနှင့် ဆေးဝန်ထမ်းများကို အတွင်းထဲတွင်သာ နေထိုင်စေသည်။

လူ ၆၅၀၀ကျော်မှာ ရောဂါခြေချုပ်အဖြစ် အိမ်သို့မဟုတ် ကျန်းမာရေးအဆောက်အဦများအတွင်းတွင်သာ နေထိုင်စေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly