နယ်စပ်များကို ပိုမိုလုံခြံုအောင် စောင့်ကြပ်ရန် သြစတြေးလျက အင်ဒိုနီးရှားကို ပြစ်တင်ပြောကြား

နယ်စပ်များကို ပိုမိုလုံခြံုအောင် စောင့်ကြပ်ရန် သြစတြေးလျက အင်ဒိုနီးရှားကို ပြစ်တင်ပြောကြား

ဆစ်ဒနီ၊ ဇွန်-၁၅ ။      ။ ခိုလှုံခွင့်ရှာဖွေသူများလိုက်ပါလာသည့် လှေတစ်စင်းကို ကင်ဘာရာက ငွေပေးပြီး ပြန်ကွေ့ခိုင်းခဲ့သည် ဟူသော စွပ်စွဲချက်မျာကို ပြန်လည်ဖြေ ကြားရန် ဂျကာတာက တောင်းဆိုခဲ့ပြီးနောက်တွင် စူးရှစွာပြစ်တင်ဝေဖန်သည့်အနေဖြင့် သြစတြေးလျက ် အင်ဒိုနီးရှားအား ၎င်း၏နယ်စပ်များကို ပိုမိုလုံခြုံအောင် စောင့်ကြပ်ရန် တနင်္လာနေ့ (ဇွန်၁၅)တွင် ပြောကြားခဲ့ သည်။  

အကယ်ရျ် ပြောဆိုချက်များသာ မှန်ကန်ခဲ့ပါက သြစတြေးလျအစိုးရ၏ ပြဿနာကို ကိုင်တွယ်ပုံနည်းလမ်းမှာ နိမ့်ကျလွန်းသည်ဟု အင်ဒိုနီးရှားအစိုးရက စနေနေ့က ပြော ကြားပြီး ဖြေရှင်းချက်တောင်းဆိုလိုက်ပြီးနောက်တါင် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီ ဘစ်ရှော့က ယခုကဲ့သို့ တုန့်ပြန်လိုက်ခြင်းပင်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် သီရိလင်္ကာတို့မှ ရွှေ့ပြောင်းအခြေချများကို သယ်ဆောင်လာသည့်လှေတစ်စင်းမှ ရေယာဉ်မှူးနှင့်လှေ ထိုးသား၅ယောက်ကို သြစတြေးလျ လူဝင်မှုဌာနအရာရှိတစ်ယောက်က တစ်ဦးလျှင် ကန်ဒေါ်လာ ၅၀၀၀စီပေးရျ် ပြန်ကွေ့စေခဲ့ သည်ဟူသော ပြောဆိုချက်များမှာ လွန်ခဲ့သည့် ရက်သတ္တပတ်က အင်ဒိုနီးရှား အရှေ့ပိုင်းရှိ ရုတ်ကျွန်းမှ အင်ဒိုနီးရှားရဲ တပ်ဖွဲ့ ထံသို့ ရောက်ရှိလာခဲ့သည်။

သြစတြေးလျဝန်ကြီးချုပ် တိုနီ အက်ဘော့က စွပ်စွဲချက်များကို ပယ်ချရန် ငြင်းဆန်သွားခဲ့သောကြောင့် ပါလီမန်တွင် အတိုက် အခံ လေဘာပါတီ၏ ဖိအားပေးမှု ကိုခံနေရပြီး၊ လေဘာပါတီက စာရင်းစစ်ချုပ်အား စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုထားသည်။

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တွေ၊ နည်းဗျူဟာတွေကို ရန်သူတွေကို အသိပေးဖို့ လိုအပ်တယ်လို့ ဒီအစိုးရက မခံစားရပါဘူး”ဟု အက်ဘော့က ပါလီမန်ကို ပြော ကြားခဲ့သည်။

The Ausstrlian သတင်းစာနှင့် အင်တာဗျူးတစ်ခုတွင်မူ ဘစ်ရှော့က အင်ဒိုနီးရှား၏ ၎င်း၏ နယ်စပ်များများကို မှန်မှန်ကန်ကန် မစီမံမကိုင်တွင်နိုင်သည့်အတွက် အပြစ်တင်လိုက်သည်။ “အင်ဒိုနီးရှားမှာ ကျူးလွန်နေကြတဲ့ လူမှောင်ခိုကုန်ကူးမှုတွေနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုရလဒ် အပြည့်အစုံကို ကြားသိရဖို့ စောင့်မျှော်နေပါတယ်”ဟု သူမက ပြောကြားခဲ့သည်။

“နိုင်ငံကူးလက်မှတ်နဲ့ ပြည်ဝင်ခွင့်ဥပဒေတွေကို ချိုးဖောက်မှုတွေနဲ့ ဒီလှေတွေရဲ့ ရေယာဉ်မှူးတွေနဲ့ လှေထိုးသားတွေဟာ လူမှောင် ခိုလုပ်ငန်းကြီးတွေက ပိုက်ဆံပေး ထားတာ ဟုတ်မဟုတ်ကို စုံစမ်းစစ်ဆေးသင့်ပါတယ်”ဟု သူမက ထပ်လောင်းပြောကြားခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly