ဟောင်ကောင်တွင် မသင်္ကာဖွယ် ဖောက်ခွဲရေးပစ္စည်းများတွေ့ရှိပြီးနောက် လူ ကိုးဦးကိုဖမ်းဆီး

ဟောင်ကောင်တွင် မသင်္ကာဖွယ် ဖောက်ခွဲရေးပစ္စည်းများတွေ့ရှိပြီးနောက် လူ ကိုးဦးကိုဖမ်းဆီး

ဟောင်ကောင်၊ ဇွန် ၁၅ ။     ။ မသင်္ကာဖွယ်ဖောက်ခွဲရေးပစ္စည်းများတွေ့ရှိပြီးနောက် လူကိုးဦးကိုဖမ်းဆီးခဲ့ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့က ဇွန် ၁၅ တွင်ပြောကြား ခဲ့သည်။ ယင်းသို့တွေ့ရှိမှုမှာ အငြင်းပွားဖွယ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအစီအစဉ်နှင့် ပတ်သက်သည့် ယခုသီတင်းပတ်၏ ဥပဒေပြုရွေးကောက်ပွဲနှင့် ဆက်စပ်နေ သည်ဟု မီဒီယာများက အစီအရင်ခံကြသည်။

ကြိုတင်ကြံစည်ပြစ်မှုနှင့် လျို့ဝှက်ဗျူရိုတပ်ဖွဲ့သည် စစ်ဆင်ရေးတစ်ခုကို ဆောင်ရွက်ခဲ့ပြီး စိုင်းကွန်တွင် သံသယဖြစ်ဖွယ် ဖောက်ခွဲရေးပစ္စည်း များကို တွေ့ရှိခဲ့သည် ဟု ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။ ဖောက်ခွဲရေးပစ္စည်းများနှင့် ဆက်နွယ်နေသည့် လူကိုးဦးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သော်လည်း အသေးစိတ်အချက်အလက်များကိုမူ ပြောကြားခြင်းမရှိခဲ့ပေ။ ဖောက်ခွဲပစ္စည်းများကို အရှေ့ဘက်ကမ်းရိုးတန်းခရိုင် စိုင်ကွန်ရှိ စွန့်ပစ်ထားသော ရုပ်သံစတူဒီယိုတစ်ခုတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မီဒီယာက အစီအရင်ခံခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဖမ်းဆီးခံရသူများမှာ ဒီမိုကရေစီလိုလားသူဒေသခံအုပ်စုများမှ ဖြစ်သည်ဟု ဆောက်ချိုင်းနားမောနင်းပို့စ်နှင့် အိုရီယင်တယ်ဒေလီ သတင်း စာတို့က ဖော်ပြခဲ့သည်။ ယခုသီတင်းပတ်တွင်ပြုလုပ်မည့် ဥပဒေပြုကောင်စီ၏ အခြေအတင်ဆွေးနွေးပွဲများမတိုင်မီ ယင်းပေါက်ကွဲစေတတ် သည့်ပစ္စည်းများ ကို ဖောက်ခွဲရန် ရည်ရွယ်ထားသည်ဟု ရဲတပ်ဖွဲ့က သံသယရှိနေသည်ဟု ဆောက်ချိုင်းနားမောနင်းပို့စ်က ဖော်ပြခဲ့သည်။

ပြုပြင်ပြောင်းလဲရေးဥပဒေကြမ်းတွင် ၂၀၁၇ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ဟောင်ကောင်၏ နောက်ခေါင်းဆောင်ကို ပြည်သူ့မဲဖြင့် ရွေးချယ်ရေးပါဝင်သည်။ သို့သော်လည်း ရွေးကောက်ခံမည့်သူများကို ပေကျင်း၏ သစ္စာခံကော်မတီတစ်ခုက စိစစ်ရမည်ဆိုသည့် ပြဋ္ဌာန်းချက်တစ်ခုကိုမူ ဆုပ်ကိုင်ထားသည်။ ယင်းသို့ပြဋ္ဌာန်း မှုကြောင့် လွန်ခဲ့သည့်နှစ်ကုန်က ဟောင်ကောင်တွင် လူထုဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ပြီး ယင်းမှာ အတုအယောင်ဒီမိုကရေစီသာ ဖြစ်သည်ဟု စည်းရုံးလှုံ့ဆော်သူများက ပယ်ချခဲ့ကြသည်။

ဥပဒေပြုအမတ်များက ယခုသီတင်းပတ်အကုန်တွင် ဥပဒေကြမ်းကို မဲပေးဆုံးဖြတ်မည်ဖြစ်ပြီး ဒီမိုကရေစီလိုလားသော အမတ်များကမူ ဥပဒေကြမ်းကို ပိတ်ဆို့မည် ဟု ကတိပြုထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly