မြောက်ကိုရီးယား စစ်သားတစ်ဦး စစ်မဲ့ဇုန်ကို ဖြတ်ကာ တောင်ကိုရီးယား ဘက်သို့ဘက်ပြောင်းဝင်ရောက်

မြောက်ကိုရီးယား စစ်သားတစ်ဦး စစ်မဲ့ဇုန်ကို ဖြတ်ကာ တောင်ကိုရီးယား ဘက်သို့ဘက်ပြောင်းဝင်ရောက်

ဆိုးလ်၊ ဇွန် ၁၅ ။     ။ မြောက်ကိုရီးယားစစ်သားတစ်ဦးသည် ကမ္ဘာပေါ်စစ်တပ်အထူထပ် ဆုံးချထားသောနယ်စပ် တစ်ခု ကို ကျော်ဖြတ်ကာ တောင်ကိုရီးယားဘက်သို့ ဘက်ပြောင်းဝင်ရောက်လာကြောင်း တောင်ကိုရီးယား အရာရှိများက ပြော ကြားခဲ့သည်။

ဆယ်ကျော်သက်အရွယ် ၎င်းစစ်သားသည် ဇွန် ၁၄က စစ်မဲ့ဇုန်တွင် ဟွာချီအွန်ရှိ တောင်ကိုရီးယားအစောင့်များချထားရာနေရာသို့ ချဉ်းကပ်ခဲ့သည်ဟု တောင်ကိုရီး ယားကာကွယ်ရေးဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။

အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းမရှိဘဲ ၎င်းစစ်သားကို တောင်ကိုရီးယားက ထိန်းသိမ်းထားသည်။

စစ်မဲ့ဇုန်ကို ဘက်ပြောင်းသူများဖြတ်သန်းမှုမှာ အလွန့်အလွန်ရှားပါးပြီး ယခုအကြိမ်မတိုင်မီ နောက်ဆုံးဖြတ်သန်းမှုမှာ ၂၀၁၂က ဖြစ်ပွားခဲ့သည်။

ဘက်ပြောင်းသူအများစုမှာ ပထမတရုတ်နိုင်ငံထဲသို့ဝင်သည်။ ယင်းနောက် အရှေ့တောင်အာရှသို့သွားသည်။

အရှေ့တောင်အာရှမှသာ တောင်ကိုရီးယားသို့ ဝင်ရောက်လေ့ရှိသည်။ တောင်ကိုရီးယားတွင် အခြေချနေသော မြောက်ကိုရီးယား ၂၈,၀၀၀ နီးပါးအနက် အများစုမှာ တရုတ်နယ်စပ်ကို ဖြတ်ပြီးမှသာ ဝင်ရောက် ခဲ့ခြင်းဖြစ်ပြီး စစ်မဲ့ဇုန်ကို မဖြတ်ခဲ့ကြပေး ယင်းသို့ မဖြတ်ခြင်းမှာ ကီလိုမီတာ ၂၅၀ (၁၅၅မိုင်) ရှည်လျားသော စစ်မဲ့ဇုန်တစ်လျှောက် အစောင့်များ ထူထပ်စွာချထား သည့်အပြင် မြေမြုပ်မိုင်းများလည်း ချထားသောကြောင့်ဖြစ်သည်။

၂၀၁၂ခုနှစ်၊ အောက်တိုဘာလကလည်း မြောက်ကိုရီးယားစစ်သားတစ်ဦးသည်ဝါယာခြံစည်းရိုးမှတဆင့် တောင်ကိုရီးယားဘက်သို့ အလစ်ဝင်ရောက်နိုင်ခဲ့သည်။ ယင်းသို့ဖြစ်ရပ်ကတောင်ကိုရီးယားစစ်တပ်အတွက် ကြီးမားသည့် စိတ်အနှောက်အယှက်ကြီး တစ်ခုဖြစ်ခဲ့ပြီး နယ်စပ်လုံခြုံရေးခိုင်မာရန် အရေးယူဆောင်ရွက်မှု များ ပြုလုပ်ခဲ့သည်။

မကြာသေးမီက စစ်မဲ့ဇုန်တွင် မြောက်ကိုရီးယားစစ်သားများ၏ လှုပ်ရှားမှုများမြင့်မားလာပြီး မြောက်ကိုရီးယားသည် ဘက်ပြောင်းမှုများ ပိုမိုခက်ခဲစေရန် ကြိုးစား လုပ်ဆောင်နေသည်ဟု အချို့က ယုံကြည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly