ဆီးရီးယားတွင် စစ်အခြေစိုက်စခန်းကို သူပုန်များ သိမ်းပိုက်

ဆီးရီးယားတွင် စစ်အခြေစိုက်စခန်းကို သူပုန်များ သိမ်းပိုက်

ဒမတ်စကပ်၊ ဇွန် ၁၀ ။    ။ ဆီးရီးယားနိုင်ငံတောင်ပိုင်းရှိ အဓိက စစ်အခြေစိုက် တစ်ခုကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သူပုန် များက ကြေညာလိုက်သည်။ သူပုန်အုပ်စုများ မဟာမိတ်တပ် တောင်ပိုင်းစစ်ဦးက တပ်မဟာ ၅၂ အခြေစိုက်စခန်းကို အင်္ဂါနေ့ နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။

ဟာရတ်မြို့ပြင်တွင်ရှိသည့် ယင်းစစ်စခန်းသည် ဒါရာပြည်နယ်တွင်း အကြီးဆုံး စစ်စခန်း တစ်ခုဖြစ်သည်။ အစိုးရက ယင်း သတင်းနှင့် ပတ်သက်ပြီး ထင်မြင်ချက် မပေးသေးပေ။

ဧပြီလအစက ယင်းသူပုန်တပ်ဖွဲ့က ဂျော်ဒန်နယ်စပ်က နာဆစ်ဘ်ကိုလည်း သိမ်းပိုက်ခဲ့သည်။ အခြားသူပုန် မဟာမိတ်အဖွဲ့ ကလည်း အနောက်မြောက်ပိုင်း အက်ဒ်လစ်ပြည်နယ် မြို့တော် ကိုလည်း သိမ်းပိုက်ထားပြီး ဖြစ်သည်။

ထိုပြင် အိုင်အက်စ်အဖွဲ့က မဟာဗျူဟာ အရေးကြီးသော တက်ဒ်မားမြို့နှင့် အနီးရှိ ရှေးဟောင်း ပါလ်မိုင်ရာမြို့တို့ကို ပြီးခဲ့သည့် လအတွင်းက သိမ်းပိုက်ထားနိုင်ခဲ့သည်။

တပ်မဟာ ၅၂ အခြေစိုက်စခန်းကို သူပုန်အင်အား ၂,၀၀၀ နီးပါးဖြင့် အချိန်တိုအတွင်း ရုတ်ခြည်း အောင်ပွဲဆင် သိမ်းပိုက် လိုက်ခြင်းဖြစ်ကြောင်း ယင်းသူပုန်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး အီဆမ်အယ်လ်ရာရီးစ်က အေအက်ဖ်ပီ သတင်းဌာန ကို ပြောသည်။

''ဒီစခန်းက အစိုးရတပ်အတွက် ခုခံစစ်ဗျူဟာ လမ်းကြောင်းမှာ အရေးပါတဲ့ စခန်းတစ်ခု ဖြစ်ပါ တယ်။ အစိုးရ စစ်တပ်အတွက် အထိတ်တလန့် ဖြစ်စေမယ့် ဆုံးရှုံးမှုတစ်ရပ်ပါပဲ”ဟု ၎င်းက ပြောခဲ့ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly