ယူကရိန်းအရေးနှင့် ပတ်သက်၍ ရုရှအပေါ် နောက်ထပ်အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန် အမေရိကန်နှင့် ဂျီ-၇ အသင့်ရှိ

ယူကရိန်းအရေးနှင့် ပတ်သက်၍ ရုရှအပေါ် နောက်ထပ်အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန် အမေရိကန်နှင့် ဂျီ-၇ အသင့်ရှိ
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျက်လျူးနှင့် ယူကရိန်းဝန်ကြီးချုပ် အာစနီ ယက်စီနပ် (ဝဲ)။ ဓာတ်ပုံ-ရိုက်တာ

ဝါရှင်တန်၊ ဇွန် ၁၀ ။       ။ လိုအပ်ပါက မော်စကိုအပေါ် နောက်ထပ်အရေးယူ ပိတ်ဆို့မှုများ ချမှတ်ရန် အမေရိကန်နှင့် ဂျီ-၇ မဟာ မိတ်များက အဆင်သင့်ရှိနေသည်ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျက်လျူးက ယူကရိန်း ခေါင်းဆောင်များကို ဇွန် ၉ ရက် က ပြောကြားခဲ့သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန အရာရှိ တစ်ဦးက ပြောသည်။

"ယူကရိန်းအရှေ့ပိုင်းမှာ ရုရှရဲ့ ရန်လိုတဲ့ အပြုအမူတွေကို တုံ့ပြန်ရာမှာ လိုအပ်ရင် နောက်ထပ်ကြီးမားတဲ့ ပိတ်ဆို့မှုတွေ ချမှတ်ဖို့ အမေရိကန်နှင့် ကျွန်တော်တို့ရဲ့ ဂျီ-၇ မဟာမိတ်တွေက အသင့်ရှိပါတယ်"ဟု လျူး၏ ပြောကြားချက်ကို ကိုးကား၍ အဆိုပါ အရာ ရှိက ပြောကြားသည်။     လျူးသည် ယူကရိန်းဝန်ကြီးချုပ် အာဆေနီယတ် ဆေနီယပ်၊ ဘဏ္ဍာရေးဝန်ကြီး နာတာလီ ဂျာရက်စ် ကိုတို့နှင့် ဝါရှင်တန်တွင် ဇွန် ၉ ရက်ကတွေ့ဆုံခဲ့ပြီး ကြွေးမြီဆိုင်ရာ ပြန်လည်ဖွဲ့စည်းရေး သဘောတူညီချက် တစ်ခုရရှိရန် ကိဗ် ကြိုးပမ်းချက်များကို လျူးက ကြိုဆိုခဲ့သည်။

"သူ(လျူး)က ပြောကြားခဲ့တာက အိုင်အမ်အက်ဖ်ရဲ့အစီအစဉ်ဟာ အဖွဲ့အစည်းအားလုံးရဲ့ အကျိုးစီးပွားဖြစ်တဲ့ စီးပွားရေး ပြန် လည်ကောင်းမွန်ဖို့ ပါဝင်ပတ်သက်သူ အားလုံးရဲ့ တူညီတဲ့ အနစ်နာခံမှု လိုအပ်ပါတယ်"ဟု ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly