အီရတ်သို့ နောက်ထပ်အမေရိကန် တပ်ဖွဲ့ဝင်များ ရာချီစေလွှတ်ရန် အိုဘားမား ချိန်ဆနေ

အီရတ်သို့ နောက်ထပ်အမေရိကန် တပ်ဖွဲ့ဝင်များ ရာချီစေလွှတ်ရန် အိုဘားမား ချိန်ဆနေ

ဝါရှင်တန်၊ ဇွန် ၁၀ ။     ။ အီရတ်နိုင်ငံ၊ အန်ဘာပြည်နယ်တွင် စစ်စခန်းသစ်တစ်ခု တည်ဆောက်ရန် အိုဘားမား အစိုးရ က စဉ်းစားလျက်ရှိသည်။ ထို့အပြင် အိုင်အက်စ် စစ်သွေးကြွများကို တိုက်ခိုက်ရာ၌ အီရတ် တပ်ဖွဲ့ဝင် များကို ကူညီရန် အီရတ်သို့ နောက်ထပ် စစ်ဘက်လေ့ကျင့်ပေးသူနှင့် အကြံပေး အရေအတွက် ရာဂဏန်းအချို့ စေလွှတ်ရေး ဆုံးဖြတ်ချက် ချမှတ်ရန် လည်း နီးကပ်လာနေသည်ဟု အမေရိကန် အရာရှိများက ဇွန် ၉ ရက်တွင် ပြောကြားသည်။

သမ္မတ ဘားရက် အိုဘားမားထံမှ နောက်ဆုံး အတည်ပြုချက်ရရန် လိုအပ်နေသေးသော် လည်း အီရတ်ရှိ ဆွန်နီမွတ်စလင်တို့၏ အချက်အချာဒေသ အန်ဘာပြည်နယ်တွင် သောင်းကျန်းသူ အင်အားစုများကို တိုက်ခိုက်ရာတွင် အီရတ်တပ်ဖွဲ့ဝင်များကို ကူညီရေး အိုဘားမား စဉ်းစားနေသည့် အရာများအနက် အီရတ်တွင် မယုတ်မလွန် စစ်ရေးတိုးချဲ့မှုမှာ အဖြစ်နိုင်ဆုံး ဖြစ်ဟန်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly