ဖိလစ်ပိုင်နှင့် ဂျပန် နောက်ထပ် ရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

ဖိလစ်ပိုင်နှင့် ဂျပန် နောက်ထပ် ရေတပ်စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်
မေ ၁၂ ရက်က စစ်ရေးလေ့ကျင့်စဉ်က ဂျပန်စစ်သားများနှင့် ဖိလစ်ပိုင်ရဟတ်ယာဉ်ကို တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

မနီလာ၊ ဇွန် ၉ ။    ။ အငြင်းပွားရေပိုင်နက်တွင် တရုတ်က ကျွန်းများ တည်ဆောက်နေစဉ် ဒုတိယကမ္ဘာစစ်က ရန်သူများဖြစ်သော ဖိလစ်ပိုင်နှင့် ဂျပန်တို့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးများ မြှင့်တင်နေစဉ် ဖိလစ်ပိုင်နှင့် ဂျပန်တို့သည် ယခုလတွင် ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုအသစ် ပြုလုပ်မည် ဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ်က ဇွန် ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဇွန်၂၂ ရက်မှ ၂၆ရက်အထိပြုလုပ်မည့် ပူးတွဲရေတပ် စစ်ရေးလေ့ကျင့်မှုသည် ဒုတိယမြောက် လေ့ကျင့်မှုဖြစ်ပြီး လွန်ခဲ့သည့်လက တင်းမာမှုဖြစ်နေသည့် တောင်တရုတ်ပင်လယ်တွင် ဂျပန်နှင့် ဖိလစ်ပိုင်တို့သည် တစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သေး သည်ဟု ဖိလစ်ပိုင်ရေတပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး အက်ဒ်ဂါ့ဒ်အရီဗာလိုက ပြောကြားသည်။

စစ်ရေးလေ့ကျင့်မှု အသစ်များကို မည်သည့်နေရာတွင် ကျင်းပပြီး မည်သည့်သင်္ဘောများ ပါဝင်မည်ကိုမူ ၎င်းက မပြောကြားခဲ့ပေ။ သို့သော်လည်း ဒုတိယမြောက် စစ်ရေးလေ့ကျင့်မှုကို တောင်တရုတ်ပင်လယ်တွင် ပြုလုပ်မည်ဟု အမည်မဖော်သည့် သတင်း ရင်းမြစ် များကို ကိုးကား၍ ဂျပန်မီဒီယာများက ဖော်ပြသည်။

မေ ၁၂ ရက်က ဂျပန်ဖျက်သင်္ဘောနှစ်စီးနှင့် ဖိလစ်ပိုင်၏ အသစ်စက်စက် စစ်သင်္ဘောတစ်စီ်း တို့သည် ဖိလစ်ပိုင်က ပိုင်ဆိုင်သည် ဟု ပြောဆိုနေသော စကာဘိုရိုသောင်စွယ်မှ ကီလိုမီတာ ၃၀၀ ထက် မပိုသော ရေပြင်တွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့သည်။ ယခုအခါ အဆိုပါသောင်စွယ်မှာ တရုတ်၏ ထိန်းချုပ်မှုအောက်တွင် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly