တောင်ကိုရီးယားတွင် မားစ်ရောဂါ ကူးစက်ပြန့်နှံ့မှုကြောင့် ဟောင်ကောင်က ခရီးသွားလာမှု အနီရောင်အဆင့် တပ်လှန့်နိုးဆော်မှု ထုတ်ပြန်မည်

တောင်ကိုရီးယားတွင် မားစ်ရောဂါ ကူးစက်ပြန့်နှံ့မှုကြောင့် ဟောင်ကောင်က ခရီးသွားလာမှု အနီရောင်အဆင့် တပ်လှန့်နိုးဆော်မှု ထုတ်ပြန်မည်

ဆိုးလ်၊ ဇွန် ၉ ။       ။ တောင်ကိုရီးယားတွင် အရှေ့အလယ်ပိုင်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာစု (မားစ်) ကူးစက်ခံရမှုကြောင့် နောက်ထပ်ရှစ်ဦး ကူးစက်ခံရကြောင်း တွေ့ရှိရပြီး ကူးစက်ခံရသူပေါင်း ၉၅ ဦးအထိရှိကာ ခုနှစ်ဦးမြောက် လူနာ သေဆုံးသွားချိန်တွင် တောင်ကိုရီးယားသို့ မဖြစ်မနေသွားရန် မလိုအပ်သော ခရီးမှအပ ကျန်ခရီးများကို တားမြစ်မည့် အနီရောင်တပ်လှန့် သတိပေးမှုတစ်ခုကို ထုတ်ပြန်မည်ဟု ဟောင်ကောင်က ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။

အနီရောင်အဆင့် တပ်လှန့်နှိုးဆော်မှုကို ထုတ်ပြန်မည်ဖြစ်ကြောင်း ဟောင်ကောင်၏ အဆင့်-၂ အရာရှိ ကယ်ရီလမ်းက အမှုဆောင်ကောင်စီ အစည်းအဝေး မစတင်မီအချိန်လေးတွင် သတင်းထောက်များကို ပြောကြားသည်။

ဟောင်ကောင်အစိုးရ၏ သတ်မှတ်ချက်အရ အနီရောင် အဆင့် သတိပေး တပ်လှန့်နှိုးဆော်မှုဆိုသည်မှာ သိသာထင်ရှားသည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။

ထို့အပြင် ဆိုလိုသည်မှာ ပြည်သူများသည် ခရီးသွားအစီအစဉ်များကို ညှိယူသင့်ပြီး မသွားမဖြစ် ခရီးမဟုတ်လျှင် ရှောင်ကြဉ်သင့် သည်။ ဇွန် ၈ ရက်က ဟောင်ကောင်သည် တောင်ကိုရီးယားတွင် မားစ်ရောဂါဖြစ်ပွားနေမှုကို တုန့်ပြန်ရာတွင် စိုးရိမ်စရာ ကောင်းသောအဆင့်သို့ မြင့်တင်သတ်မှတ်ခဲ့သည်။

တောင်ကိုရီးယားမှာ စစ်ပွဲနှစ်ခုကို တိုက်ခိုက်နေရပြီး တစ်ခုမှာ ရောဂါကို တိုက်ခိုက်နေရခြင်း ဖြစ်ပြီး နောက်တစ်ခုမှာ ပြည်သူ များ၏ စိုးရိမ်ကြောက်လန့်မှုကို တိုက်ခိုက်နေရခြင်းဖြစ်သည်ဟု မြို့တော်ဆိုးလ်ကို ဝိုင်းရံနေသည့် ဂျေအွန်ဂီပြည်နယ်၏ အုပ်ချုပ်ရေးမှူး မစ္စတာ နမ်ကျွန်ပီလ်က ပြောကြားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly