တရုတ်က တောင်တရုတ်ပင်လယ်ရှိ လူလုပ်ကျွန်းပေါ်တွင် လက်နက်များ ဖြန့်ချထား

တရုတ်က တောင်တရုတ်ပင်လယ်ရှိ လူလုပ်ကျွန်းပေါ်တွင် လက်နက်များ ဖြန့်ချထား
၂၀၁၅ မတ် ၁၆ ရက်က ဂြိုဟ်တုဓာတ်ပုံတွင် အငြင်းပွား စပရက်တလီကျွန်းအနီး တရုတ်သင်္ဘောများကို တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ

ဝါရှင်တန်၊ မေ ၃၀ ။       ။ တောင်တရုတ်ပင်လယ်တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသည့် လူလုပ်ကျွန်းများမှ ကျွန်းတစ် ကျွန်းပေါ်တွင် လက်နက်များ ဖြန့်ချထားကြောင်း ထောက်လှမ်းတွေ့ရှိရသည်ဟု အမေရိကန်က ပြောသည်။

ထောက်လှမ်းရေးပုံရိပ်များတွင် မြင်တွေ့ရသည်မှာ တရုတ်နိုင်ငံ၏ လူလုပ်ကျွန်းတစ်ကျွန်းပေါ်တွင် အမြောက်တပ်နှစ်တပ် ဖြန့် ကြက်ထားသည်ကို တစ်လနီးပါးအကြာက တွေ့ရှိကြောင်း အမည်မဖော် သည့် အမေရိကန်တာဝန်ရှိသူတစ်ဦးပြောကြားချက်ကို သည်ဝေါစထရိတ်ဂျာနယ်က ကိုးကားဖော်ပြ သည်။

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံက လူလုပ်ကျွန်းများ တည်ဆောက်နေခြင်းကြောင့် ဖိလစ်ပိုင်နှင့် ဗီယက်နမ် အပါအဝင် ပတ်ဝန်းကျင်နိုင်ငံများက ဝေဖန်လျက်ရှိသည်။

အဆိုပါ လူလုပ်ကျွန်းပေါ်မှ တရုတ်အမြောက်တပ်သည် အမေရိကန်လေယာဉ်နှင့် သင်္ဘောများကို ခြိမ်းခြောက်မှု မရှိသော်လည်း အနီးကျွန်းများအတွက် ပစ်ခတ်ခြိမ်းခြောက်နိုင်ကြောင်း သတင်းတွင် ဖော်ပြပြီး တရုတ်တို့က လူများနေထိုင်မှုအတွက်သာ ကျွန်း တည်ဆောက်ခြင်းဖြစ်သည်ဆိုခြင်းမှာ မမှန်မကန်ဖြစ်နေကြောင်း ဖော်ပြထားသည်။

“ဒါက စစ်ရေးခြိမ်းခြောက်မှုတော့ ဖြစ်မလာသေးပါဘူး။ ဒါပေမယ့် အသင့်ရှိနေတဲ့ သဘောပေါ့” ဟု အဆိုပါ တာဝန်ရှိသူ၏ ပြော ကြားချက်ကို ဂျာနယ်က ဖော်ပြသည်။ အဆိုပါ အမြောက် တပ်သည် ဗီယက်နမ်က ၎င်းပိုင် ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုထား သည့် ကျွန်းစဉ်တန်းအတွင်း ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly