တောင်တရုတ်ပင်လယ်တွင် တရုတ်၏ တည်ဆောက်ရေးလုပ်ငန်းများရပ်တန့်ရန် အမေရိကန်၏ တောင်းဆိုမှုမရပ်ပါက အမေရိကန်နှင့် တရုတ်စစ်ဖြစ်မှု ကိုရှောင် လွှဲ၍မရဟု တရုတ်သတင်းစာတစ်စောင် သတိပေး

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ တည်ဆောက်ရေးလုပ်ငန်းများရပ်တန့်ရန် အမေရိကန်၏ တောင်းဆိုမှုမရပ်ပါက အမေရိကန်နှင့် တရုတ်စစ်ဖြစ်မှု ကိုရှောင် လွှဲ၍မရဟု တရုတ်သတင်းစာတစ်စောင် သတိပေး
တောင်တရုတ်ပင်လယ်တွင် ပျံသန်းနေသောအမေရိကန်၏ two F/A-18 Super Hornets လေယာဉ်နှစ်စင်းနှင့် မလေးရှားဂျက်တိုက်လေယာဉ်နှစ်စင်း ဓါတ်ပုံ-အေအက်ဖ်ပီ

ပေကျင်း၊ မေ ၂၅ ။        ။ တောင်တရုတ်ပင်လယ်တွင် တရုတ်တည်ဆောက်ရေးလုပ်ငန်းများ ရပ်တန့်ရန် အမေရိကန်က တောင်းဆိုမှုမရပ်ပါက တရုတ်နှင့် အမေရိ ကန်ကြားဖြစ် လာမည့် စစ်ပွဲတစ်ခုမှာရှောင်လွှဲ၍မရနိုင်ကြောင်း တရုတ်နိုင်ငံပိုင်းသတင်းစာတစ်စောင်က သတိပေးစလိုက်သည်။

တောင်တရုတ်ပင်လယ်၏ အငြင်းပွားစပရက်တလီကျွန်းစုတွင် ကြီးမားသည့် မြေယာဖော်ယူသည့် လုပ်ငန်းကြီးလုပ်ကိုင်နေသည်ဟု ဝါရှင်တန်က စွပ်စွဲလျက် ရှိသည်။ ထို့အပြင် တရုတ်၏ လူလုပ်ကျွန်းများအပေါ် တရုတ်၏နယ်မြေပိုင်ဆိုင်မှုပြောကြားချက်များသည် ဒေသတွင်းကို စစ်ပုံသွင်းသည်ဟုလည်း ဝါရှင်တန်က ဆိုသည်။

"တရုတ်ဟာ သူရဲ့ဲလုပ်ရပ်တွေ ရပ်တန့်ရမယ်လို့ အမေရိကန်က အဓိကတောင်းဆိုနေမယ်ဆိုရင် တောင်တရုတ်ပင်လယ်မှာ အမေရိကန်-တရုတ်စစ်ပွဲဟာရှောင်လို့ ရမှာမဟုတ်ပါဘူး"ဟု တရုတ်နိုင်ငံပိုင် သတင်းစာ The Global Times ကဖော်ပြခဲ့သည်။

ထို့အပြင် တရုတ်က ၎င်း၏ တည်ဆောက်ရေးလုပ်ငန်းများအပြီးသတ်ရန် ဆုံးဖြတ်ထားကြောင်းလည်း သတင်းစာကဖော်ပြခဲ့သည်။ အငြင်းပွားရေလမ်းကြောင်း တွင် တရုတ်၏လုပ်ရပ်များနှင့်ပတ်သက်၍ ဝါရှင်တန်နှင့် ပေကျင်းကြား တင်းမာမှုများမြင့်မားလာနေသည်

"ကျွန်တော်တို့ အမေရိကန်နဲ့ စစ်ရေးပဋိပက္ခဖြစ်ဖို့ မလိုလားပါဘူး။ ဒါပေမဲ့ ဖြစ်လာလို့ရှိရင်လည်း ကျွန်တော်တို့ လက်ခံရမှာပါပဲ" ဟု ဂလိုဘယ်တိုင်းမ်က ဖော်ပြခဲ့ သည်။

လွန်ခဲ့သည့် သီတင်းပတ်က တရုတ်က လေယာဉ်ကွင်းတစ်ခုနှင့် အခြားဆောက်လုပ်ရေးလုပ်ရေးလုပ်ငန်းများဆောက်လုပ်နေသည့် the Fiery Cross သန္တာကျွန်း တန်းပေါ် အမေရိကန်ထောက်လှမ်းရေးလေယာဉ်ပျံသန်းမှုအပေါ်လုံးဝကျေနပ်မှုမရှိကြောင်း လွန်ခဲ့သည့် သီတင်းပတ်က ပေကျင်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ၎င်း၏' ကျွန်းများနှင့် သန္တာကျောက်တန်းများပေါ် အမေရိကန်ထောက်လှမ်းရေးလေယာဉ်များ ပျံသန်းခြင်းသည် ဒေသတွင်း ငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက တနင်္လာနေ့က ပြောကြားခဲ့သည်။

အငြင်းပွားဧရိယာများတွင် တရုတ်၏ အချုပ်အခြာပိုင်မှုကို ဝါရှင်တန်က အသိအမှတ်မပြုပေ။ နယ်မြေပိုင်ဆိုင်ကြောင်းပြောကြားမှုများကို စမ်းသပ်ရန် ထောက် လှမ်းရေးလေယာဉ်နှင့် စစ်သင်္ဘောများစေလွှတ်ရန်လည်း ချိန်ဆနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly