အငြင်းပွားတောင်တရုတ် ပင်လယ်ပေါ်တွင် ပျံသန်းမှု များပြုလုပ် မည်ဟု ဖိလစ်ပိုင်ပြောကြား

အငြင်းပွားတောင်တရုတ် ပင်လယ်ပေါ်တွင် ပျံသန်းမှု များပြုလုပ် မည်ဟု ဖိလစ်ပိုင်ပြောကြား
ဖိလစ်ပိုင်သမ္မတ ဘင်နစ်နိုအကွီနို ဓါတ်ပုံ- အေအက်ဖ်ပီ

မနီလာ၊ မေ ၂၅ ။       ။ ၎င်း၏လေပိုင်နက်ပေါ်သို့ မပျံသန်းရေးတရုတ်က သတိပေးနေသော်လည်းတောင် တရုတ်ပင်လယ်ရှိ အငြင်းပွား ဧရိယာများပေါ်သို့ ဖိလစ်ပိုင်၏ စစ်တပ်နှင့် စီးပွားရေးလေယာဉ်များ ပျံသန်းမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဘင်နစ်နိုအကွီနိုက မေ ၂၅ တွင်ပြောကြား လိုက်သည်။

"ကျွန်တော်တို့ပါဝင်ခဲ့တဲ့ ကွန်ဗင်ရှင်းတွေကနိုင်ငံတကာဥပဒေကို အခြေခံပြီး ကျွန်တော်တို့ပျံသန်းတဲ့လမ်းကြောင်းအတိုင်း ကျွန်တော်တို့ ဆက်ပြီးပျံသန်း မှာပါ"ဟု အကွီနိုက သတင်းထောက်များကို ပြောကြားခဲ့သည်။

တရုတ်၏ ရပ်တည်ချက်ကို ဖိလစ်ပိုင်က လက်ခံမခံမေးချိန်တွင် အကွီနို ကဖြေကြားခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့် သီတင်းပတ်က တောင်တရုတ်ပင်လယ်ရှိ
အငြင်းပွား စပရက်တလီကျွန်းများပေါ် အမေရိကန်၏ ထောက်လှမ်းရေးလေယာဉ် US Navy P-8 Poseidon ပျံသန်းနေစဉ် ထွက်ခွာသွားရန် တရုတ်စစ်တပ်က အမိန့်ပေးခဲ့သည်။

ထိုရေပြင်၊ ပင်လယ်ရေကြောင်းနှင့် လေပိုင်နက်မှာ တရုတ်၏ အချုပ်အချာအာဏာပိုင်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက နောက်ပိုင်းတွင် အခိုင်အမာပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်သည်ဟု ပြောကြားထားသည်။ ဖိလစ်ပိုင်နှင့် အချို့အာရှအိမ်နီးချင်းနိုင်ငံများ၏အနီးရှိ ရေပြင်များကိုပင် ၎င်းတို့ ပိုင်သည်ဟု တရုတ်ကဆိုသည်။

"ကျွန်တော်တို့ ကျွန်တေယ်တို့ရဲ့သီးသန့်စီးပွားရေးဇုန်မှာ ကျွန်တော်တို့ရဲ့အခွင့်အရေးအရ ပျံသန်းမှုတွေလုပ်သွားမှာပါ"ဟု အကွီနို ကပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ၎င်း၏ကာလရှည်မဟာမိတ် အမေရိကန်နှင့် နီးကပ်စွာပူးပေါင်းဆောင်သွားမည်ဖြစ်ကြောင်းလည်း အကွီနိုကပြောကြားခဲ့သည်။ သို့သော်လည်း အသေးစိတ်အချက်အလက်များကိုမူ ၎င်းက မပြောကြားခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly