ရွှေ့ပြောင်းသူများ ဖြစ်ဖွယ်ရှိသည့် ရုပ်အလောင်းပေါင်း ၁၃၉ လောင်းရှိနေသည့် အလောင်းပုံသချိုင်းအား မလေးရှားရဲများတွေ့ရှိ

ရွှေ့ပြောင်းသူများ ဖြစ်ဖွယ်ရှိသည့် ရုပ်အလောင်းပေါင်း ၁၃၉ လောင်းရှိနေသည့် အလောင်းပုံသချိုင်းအား မလေးရှားရဲများတွေ့ရှိ

(ကူလာလမ်ပူ)။ ။ ထိုင်းနိုင်ငံနယ်စပ် မလေးရှားနိုင်ငံမြောက်ပိုင်းတွင် လူမှောင်ခိုကူးသည့် စခန်း ၂၈ စခန်းတွင် နိုင်ငံရွှေ့ပြောင်း ဝင်ရောက်သူများ ဖြစ်ဖွယ်ရှိသည့် လူသေလောင်းပေါင်း ၁၃၉ လောင်း အစုအပုံကို တွေ့ရှိကြောင်း မလေးရှားရဲများက ပြောသည်။

မေ ၁၁ ရက်မှစကာ ယင်းသို့ လူသေလောင်း သချိုင်းတစ်ချို့ကို တွေ့ရှိခြင်းဖြစ်ကြောင်း အမျိုးသားရဲဌာန အကြီးအကဲ ခါလစ်အဘူဘာကာက ပြောသည်။

လူသေလောင်းများသည် မှောင်ခိုစခန်းများ အနီးတွင်ရှိပြီး တစ်ချို့ ဒါဇင်ကျော် အလောင်းများမှာ ချောင်ချသည့်နေရာတွင် ဖုံးကွယ်တည်ရှိသည့် အလောင်းပုံများဖြစ်ပြီး ထိုင်းနယ်စပ်အနီးတွင် ပိုမိုများစွာတွေ့ရကြောင်း သတင်းတွင်ဖော်ပြသည်။

ထိုင်းနိုင်ငံက လူမှောင်ခိုဂိုဏ်းများကို ဖြိုခွင်းလျက်ရှိနေရာ ၎င်းပိုင်နက်နယ်မြေတွင် လူမှောင်ခိုလမ်းကြောင်း အသုံးပြု ကုန်ကူးနေခြင်းများကို ကြိမ်ဖန်များစွာ ဖြိုခွင်းလျက်ရှိသည်။

ထိုသို့ ထိုင်းနိုင်ငံ၏ ဖြိုခွင်းမှုကြောင့် ရွှေ့ပြောင်းသူများက ပင်လယ်လမ်းကြောင်းကို အသုံးပြုကာ မှောင်ခိုဝင်ရောက်ရန် လုပ်ဆောင်လာခြင်း ဖြစ်သည်။ သို့သော်လည်း မှောင်ခိုဂိုဏ်းများက ၎င်းရွှေ့ပြောင်းသူများကို စွန့်ပစ်ထားခဲ့သဖြင့် ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းသူများ ပင်လယ်တွင် သောင်တင်နေသည့် အဖြစ်သို့ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

REF : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly