ဂျာမနီတွင် မွတ်စလင် ပစ်မှတ်များကို တိုက်ခိုက်ရန် ကြံစည်မှုဖြင့် လူ ၄ ဦးကို ဖမ်းဆီး

ဂျာမနီတွင် မွတ်စလင် ပစ်မှတ်များကို တိုက်ခိုက်ရန် ကြံစည်မှုဖြင့် လူ ၄ ဦးကို ဖမ်းဆီး

(ဘာလင်)။ ။ လကျ်ာစွန်းအကြမ်းဖက်အုပ်စုတစ်စုကို ဖြိုခွင်းခဲ့ပြီး ထိုအုပ်စု၏ အဖွဲ့ဝင် ၄ဦးကိုလည်း အစ္စလာမ်အစွန်းရောက်များ၊ ဗလီများနှင့် ခိုလှုံခွင့်တောင်းခံနေသည့် ရွှေ့ပြောင်းအခြေချများ ခိုလှုံရာဌာနများကို တိုက်ခိုက်ရန် ကြံစည်သည်ဟူသော သံသယဖြင့် ဖမ်းဆီးခဲ့သည်ဟု ဂျာမန်အာဏာပိုင်များက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

အစိုးရရှေ့နေ (ဆွဲချ)များ၏ ပြောကြားချက်အရ မွတ်စလင်ပစ်မှတ်များနှင့် ခိုလှုံခွင့်တောင်းခံသူများ၏ နေရာဌာနများကို တိုက်ခိုက်မှုများ လုပ်ဆောင်သွားရန် ရည်ရွယ်ချက်ဖြင့် ‘ကျောင်းအိုအသင်း (Oldschool Society)’ ဟုခေါ်သည့် အုပ်စုကို ၂၀၁၄ခုနှစ် နိုဝင်ဘာလက ဖွဲ့စည်းခဲ့သည်ဟု ဆိုသည်။ တိုက်ခိုက်မှုများ လုပ်ဆောင်အံစဲစဲလောဆိုသည်မှာမူ ကွဲကွဲပြားပြား မသိရသေးကြောင်း အစိုးရရှေ့နေများက ပြောကြားသည်။

 ‘အခုအချိန်အထိ ရသမျှအထောက်အထားများအရ ဒီအသင်းအဖွဲ့ရဲ့ ရည်ရွယ်ချက်က အုပ်စုငယ်လေးတွေအနေနဲ့ ဂျာမနီပြည်အတွင်းက လူသိများတဲ့ ဆလာ ဖစ်တွေ၊ ဗလီတွေနဲ့ ခိုလှုံခွင့်တောင်းခံသူတွေရဲ့ နေရာတွေကို တိုက်ခိုက်မှုတွေ လုပ်ဆောင်သွားဖို့ပဲ’’ဟု အစိုးရရှေ့နေများက ထုတ်ပြန်ချက်တစ်ခု တွင်ပြော ကြားခဲ့သည်။ ဖမ်းဆီးရမိသော ပစ္စည်းများထဲတွင် အင်အားပြင်းသော ပေါက်ကွဲပစ္စည်းများလည်း ပါဝင်နေသည်ဟု ဆိုသည်။   

အဆိုပါဖမ်းဆီးမှုမှာ ဂျာမနီတွင် ရွှေ့ပြောင်းအခြေချလာသူများကို အပြင်းအထန် ဆန့်ကျင်နေချိန်တွင် ထွက်ပေါ်လာခဲ့ခြင်းပင်ဖြစ်သည်။ ၎င်း၏ ကြီးမား လှသော မွတ်စလင်လူဦးရေကို ပေါင်းစည်းရန် ရုန်းကန်နေရသည့် ဂျာမနီနိုင်ငံတွင် ယမန်နှစ်တစ်နှစ်တည်းတွင် လူပေါင်း ၂၀၀၀၀၀ခန့် ရွှေ့ပြောင်း အခြေချ လာရာ ယင်းတို့အနက်များစွာမှာ ဆီးရီးယားနှင့် အာဖရိကမှ ခိုလှုံခွင့်တောင်းခံသူများဖြစ်သည်။

ယခုနှစ်တွင် အနောက်ကမ္ဘာ အစ္စလာမ်ပြုမှုကို ဆန့်ကျင်သည့် မျိုးချစ်ဥရောပသားများ (PEGIDA)ဟုခေါ်သည့် အုပ်စုတစ်စုက စည်းရုံးလုပ်ဆောင်သည့် ဒရပ်စ်ဒင်းမှ အပတ်စဉ် ရွှေ့ပြောင်းအခြေချဆန့်ကျင်ရေး ချီတက်ပွဲများတွင် ဂျာမန်လူမျိုး ထောင်ပေါင်းများစွာ ပါဝင်လာခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly