ပြင်သစ်က ဆီးရီးယား စစ်သွေးကြွများကို လက်နက်မျိုးစုံ ထောက်ပ့ံခဲ့ကြောင်း သမ္မတအော်လန်း ဝန်ခံထား

ပြင်သစ်က ဆီးရီးယား စစ်သွေးကြွများကို လက်နက်မျိုးစုံ ထောက်ပ့ံခဲ့ကြောင်း သမ္မတအော်လန်း ဝန်ခံထား

(ပါရီ)။ ။ ပြင်သစ်သမ္မတ ဖရန့်ဆွာအော်လန်းက ဆီးရီးယားရှိ နိုင်ငံခြားကျောထောက်နောက်ခံ စစ်သွေးကြွအဖွဲ့များသို့ လက်နက်မျိုးစုံကို ပေးပို့ခဲ့ကြောင်း စာအုပ်သစ်တွင် ထုတ်ဖော်ဝန်ခံထားသည်။

"ဒီလက်နက်တွေက မှန်ကန်တဲ့ လက်တွေဆီ ရောက်ရှိလိမ့်မယ်လို့ ကျွန်တော်တို့ ကျိန်းသေထင်ပါတယ်” ဟု ပြီးခဲ့သည့်နှစ် မေလက စာရေးဆရာ ပါနွန်နှင့် အင်တာဗျူးရာတွင် ဝန်ခံခဲ့ခြင်း ဖြစ်သည်။

ယင်းအင်တာဗျူးစာအုပ် "ပြင်သစ်ဒီပလိုမေစီ စြင်္ကလမ်းမများ” က ယခုလအတွင်း ပြင်သစ်နိုင်ငံတွင် ဖြန့်ချိသည်။

အမြောက်များ၊ စက်သေနတ်များ၊ ဒုံးပစ် လောင်ချာများနှင့် တင့်ကားဖျက် ဒုံးကျည်များကို ၂၀၁၂ ခုနှစ်က  ဆီးရီးယားသမ္မတ အာဆတ်နှင့် တိုက်ခိုက်နေသည့် စစ်သွေးကြွများထံ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း အော်လန်းက ပြောထားသည်။

ယင်းစာအုပ်တွင် ဆီးရီးယားတွင် အစိုးရ၏ အုပ်ချုပ်မှုပုံစံကို ဆန့်ကျင်သည့် ဒီပလိုမေစီ အရေးအရာများနှင့် စစ်ရေးလုပ်ဆောင်မှုများကို ယခင်သမ္မတ ဆာကိုဇီနှင့် ယခု အော်လန်းတို့လက်ထက်တွင် လုပ်ကိုင်ခဲ့မှုဖြစ်ရပ်များကိုလည်း ဖော်ပြထားသည်။

REF : PRESS TV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly